
      မိုဘိုင်း ဖုန်းတစ်လုံး၏ အခြေခံ Hardware ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ဆောင်မှုများ

ခု မိတ်ဆက်ပေးတဲ့ ဖုန်း နဲ့ စာဖတ်သူရဲ့ ဖုန်း တထပ်တည်း ကိုက်ညီမှာမဟုတ်ဘူး၊ ဒါပေမယ့် အခြေခံ အချက်တွေ

ကို သဘောပေါက်ထားရင် အခြား ဖုန်းတွေရဲ့ အစိတ်အပိုင်းတွေ ခွဲထားပုံကိုလဲ နားလည်နိုင်တယ်။


အောက်က ပုံကိုသေချာကြည့်ပါ အပိုင်းနှစ်ပိုင်းပါတယ်၊ Network Section နဲ့ Power Section တို့ပါ၊



Antenna Switch:
Antenna Switch (အာရုံခံတိုင် ၊ အင်္ဂလိပ်လို ခေါ်နိုင်ရင် အကောင်းဆုံးပဲ) Cell Phone Antenna Switch လို့ခေါ်
ရင်တော့ ပို သိသာ သွားတာပေါ့၊ Antenna Switch ကို ဖုန်းရဲ့ Network Section မှာ ရှာတွေ့နိုင်တယ်၊ Antenna
Switch ကို သတ္ထုနဲ့ ပြုလုပ်ထားတဲ့ အမျိုး အစားရှိသလို သတ္ထု မဟုတ်တဲ့ Antenna Switch တွေလဲရှိတယ်၊ GSM
baseband သုံးတဲ့ ဖုန်းတွေမှာ အဖြူရောင် နဲ့ တွေ့ရ တတ်ပြီး CDMA သုံးဖုန်းတွေမှာတော့ ရွှေသတ္ထုရောင်နဲ့တွေ့ရ
တယ်၊ သူ့ရဲ့ အလုပ်က Network ရှာဖွေဖို့နဲ့ ရလာတဲ့ Network ကို ချိန်ညှိပြီး အခြား သက်ဆိုင်ရာ Procesor များ
ကို ပေးပို့ပေးဖို့ ဖြစ်ပါတယ်၊

P.F.O
PFO ကို Network Section ထဲက Antenna Switch နားမှာ တွေ့နိုင်တယ်၊ PFO ကို P.A(Power Amplifier) လို့
လဲခေါ်တယ် သူ့ရဲ့အလုပ်ကတော့ Antenna က ရှာဖွေလို့ရလာတဲ့ Network Frequency ကို စစ်ထုတ်ပေးတယ်
ချဲ့ပေးတယ်၊ ဖုန်းက သုံးတဲ့ Network ကို ရွေးချယ် ပေးတယ်၊ PFO အလုပ် လုပ်တာ မှားနေရင် (သို့) ပျက်နေရင်
ဖုန်းမှာ Network ပြသနာ တက်မယ်၊ မရဖြစ်မယ်၊ PFO ပြသနာတက် သွားရင် ဖုန်းပျက်သွားမယ်၊

RF IC / Hagar / Network IC
RF IC / Hagar / Network IC ကတော့ ဖုန်းရဲ့ Network Section ထဲက PFO နားမှာ တွေ့နိုင်တဲ့ Hardware
component ဖြစ်ပါတယ်၊ သူ့ကို RF signal processor လို့လဲခေါ်ပါတယ်၊ သူက CUP ရဲ့ ညွန်ကြားချက် အတိုင်း
အသံလှိုင်းနဲ့ ရေဒီယို လှိုင်းတွေကို ထုတ်လွင့်ခြင်း လက်ခံခြင်းတွေကို ပြုလုပ်ပါတယ်၊ RF IC မကောင်းရင် ဖုးန်ရဲ့
Network ပြသနာတက်ပါပြီ၊ တစ်ခါတစ်လေ ဖုန်း တစ်လုံး လုံးကို အလုပ် မလုပ်တော့ပါဘူး။

Phone 26 MHz Crystal Oscillator
MHz Crystal Oscillator ကိုတော့ Network Section ရဲ့ PFO နားမှာတွေ့နိုင်ပါတယ်၊ သူ့ကို Network Crystal
လို့လဲ ခေါ် ပါတယ်၊ သတ္ထုနဲ့ ပြုလုပ် ထားတယ်၊ Network Crystal ကတော့ ဖုန်း အထွက် Call ခေါ်တဲ့ အခါ
frequency ကို ဖန်တီးပေးတယ်၊ အကယ်၍ Network Crystal မကောင်းရင် ဖုန်း အထွက် Call မရတော့ပါဘူး၊
ဖုန်းမှာလဲ Network ရှိတော့မှာ တွေ့တော့မှာမဟုတ်တော့ပါဘူး၊

VCO
VCO ကို ဖုန်းရဲ့ Network Section ထဲက Network IC နားမှာတွေ့နိုင်ပါတယ်၊ VCO ရဲ့ အဓီက အလုပ်ကတော့
အချိန်နဲ့ နေ့စွဲတွေကို RF IC နဲ့ CPU တို့ကိုပို့ပေးပါတယ်၊ VCO က CPU ရဲ့ ညွန်ကြားချက်ကို ရယူပီး frequency
တွေ ကိုလဲ ဖန်တီးနိုင် ပါတယ်၊ VCO မကောင်းရင် ဖုန်း Network ပျက်မှာ ဖြစ်ပီး "Call End" တို့ "Call Failed"
တို့ကို ပြနေမှာပါ၊

RX Filter
RX Filter ကို ဖုန်းရဲ့ Network Section ထဲမှာတွေ့ပါတယ်၊ RX Filter ကတော့ ဖုန်း အဝင် Call တွေလာတဲ့ အ
ခါ မှာ ရရှိလာတဲ့ frequency တွေကို စစ်ထုတ်ပေးပါတယ်၊ အကယ်၍ RX Filter ပြသနာတက်ရင် ဖုန်း အဝင်
Call တွေမှာ Network ပြနာရှိလာပါမယ်၊

TX Filter
TX Filter ကိုလဲ Network Section မှာတွေ့နိုင်ပါတယ်၊ ဖုန်း အထွက် Call တွေအတွက် Frequency တွေကို
စစ်ထုတ်ပေးတယ်၊ သူမကောင်းရင် ဖုန်း အထွက် Call တွေမှာ ပြသနာတတ်မယ်၊

ROM
ROM ကို ဖုန်း ရဲ့ Power Section ထဲမှာ တွေ့နိုင်ပါတယ်၊ ROM က ဖုန်းရဲ့ Operation System ကိုဝန်တင်ပေးပါ
တယ် အကယ်၍ ROM မကောင်းရင် (သို့) ပြသနာတက်ရင် ဖုန်းဆော့ဝဲလ် ပြသနာမှာ ဖြစ်ပြီး ဖုန်းရဲ့ Setting ချ
ထားတဲ့ အစိတ်အပိုင်း တွေအားလုံး ပျက်စီးသွားမယ်၊

RAM
RAM ကိုတော့ ဖုန်းရဲ့ Power Section မှာတွေ့နိုင် ပါတယ်၊ RAM ရဲ့ အလုပ်ကတော့ ဖုန်းရဲ့ Operation System
ကနေ ပေးပို့ သမျှ ညွန် ကြားချက် တွေကို လက်ခံ ရယူ အလုပ် လုပ်ခြင်း နဲ့ လိုအပ် တဲ့ ညွန်ကြား ချက် တွေကို
Operation System ကို ပေးပို့ခြင်းတွေကို လုပ်ပါတယ်၊ RAM မကောင်းရင် software ပြသနာ တက်မှာဖြစ်ပြီး
ဖုန်းက မကြာခဏ ထစ်သွားတာ ထောက်သွားတာ တို့ ဘာမှ မလုပ်တော့ပဲ ရပ်နေတာတို့ လဲ ဖြစ်တတ်ပြီး ဖုန်း
လုံး၀ ပျက်သွားတဲ့ အဆင့်အထိလဲဖြစ်နိုင်ပါတယ်၊

Flash IC
Flash IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင် တယ်၊ Flash IC ကို EEPROM IC, Memory IC, RAM IC နဲ့
ROM IC စသဖြင့် ခေါ်ကြပါသေးတယ်၊ Flash IC ထဲမှာ ဖုန်းဆော့ဝဲလ်တွေကို ထည့်သွင်းထားတယ်၊ အကယ်
၍ Flash IC မကောင်းရင် ဖုန်း ကောင်းကောင်း အလုပ်လုပ်မှာ မဟုတ်ပဲ လုံးဝကို သုံးမရအောင်ပါဖြစ်သွားနိုင်
ပါတယ်၊

Power IC
Power IC ကိုတော့ ဖုန်း တစ်လုံးရဲ့ Power Section မှာ တွေ့နိုင် ပါတယ်၊ ဖုန်းရဲ့ Hardware ဖြစ်တဲ့ capacitor
Components တွေကို Power IC ရဲ့ ပတ်ပတ်လည်မှာ တွေ့နိုင်ပါတယ်၊ Power IC ရဲ့အလုပ်က battery ကနေ
power ရယူပြီး ဖုန်းရဲ့ အခြား အစိတ်အပိုင်းတွေ အားလုံးကို ပို့ပေးတယ်၊ အကယ်၍ Power IC မကောင်း ခဲ့ရင်
ဖုန်းရဲ့ အခြား Components တွေကို အားမထောက်ပံ့နိုင်တော့တဲ့ အတွက် ဖုန်း သုံးလို့ရတော့မှာ မဟုတ်တော့
ဘူး။

Charging IC
Charging IC ကိုတော့ ဖုန်း Power Section ရဲ့ R22 နားမှာတွေ့နိုင်ပါတယ်၊ Cahrging IC ရဲ့ အလုပ် ကတော့
ဘယ်ထရီ အားသွင်းကြိုးကနေ လျှပ်စစ်စီးကြောင်းကိုရယူပီးတော့ Battery ကိုအားသွင်းပေးပါတယ် Charging
IC မကောင်းရင် ဖုန်းအားသွင်း လို့ရတော့မှာ မဟုတ်ပါဘူး၊ အကယ်၍ Charging IC သာ short then the set
will get dead.

RTC
RTC (Simple Silicon Crystal) ကတော့ Real Time Clock ဖြစ်ပီး ဖုန်းရဲ့ Power Section ထဲမှာပါဝင်ပါတယ်၊
သူ့ကို Power IC နားမှာ က RTC ထဲမှာတွေ့နိုင် ပါတယ်၊ သူ့ကို သတ္ထုနဲ့ ကော သတ္ထု မဟုတ် တဲ့ ပစ္စည်းတွေနဲ့
ပါပြုလုပ် ထားတတ်တယ်၊ သူ့ အလုပ်က ဖုန်းရဲ့ နေ့စွဲနဲ့ အချိန်တွေကို သတ်မှတ်ပြီး ရေတွက်နေဖို့ပါ၊ အကယ်၍
RTC ပြသနာတက်ရင် အချိန် နဲ့ ရက်စွဲ သတ်မှတ်ချက်တွေပါ အလုပ် လုပ်တော့မှာ မဟုတ်တော့ပါဘူး၊ ပြသနာ
အသေးလေးပဲဖြစ်မှာ မဟုတ်ပဲနဲ့ ဖုန်း လုံး၀ သုံးမရတဲ့ အထိလဲ ဖြစ်သွားနိုင်ပါတယ်၊

CPU
CPU ကို Power Section ထဲမှာတွေ့နိုင်တယ်၊ သူ့ကို MAD IC လို့လဲခေါ်သလို RAP IC / UPP လို့လဲခေါ်တယ်၊
ဖုန်း ဘုတ် (PCB) ထဲမှာ ပါသမျှ IC ထဲမှာတော့ အကြီးဆုံး IC ဖြစ်သလို အခြား IC တွေနဲ့ သဏ္ဍန် ကွဲနေတယ်၊
သူ့အလုပ်က ဖုန်းထဲက အခြား အစိတ်အပိုင်းအားလုံးကိုထိန်းချုပ်ဖို့ပါ၊ CPU ပျက်ရင် ဖုန်းတစ်လုံးလုံး အလုပ် လုံး
၀ မလုပ်တော့ပါဘူး၊

Logic IC / UI IC
Logic IC / UI IC ကိုတော့ ဖုန်းရဲ့ Network Section မှာကော Power Section မှာကော တွေ့နိုင်ပါတယ်၊ သူ့မှာ
ပင်(pin) အခု နှစ်ဆယ်ပါရှိပါတယ်၊ သူ့ကို UI IC လို့ခေါ်သလို Interface IC လို့လဲခေါ်ပါတယ်၊ အလုပ်ကတော့
ဖုန်းသံတို့ ၊ ဖုန်းတုန်ခါမှူတို့၊ LED မီးလုံးတို့ကို ထိန်းချုပ်တဲ့အလုပ်ပါ၊ အကယ်၍ Logic IC/UI IC အလုပ်မလုပ်ရင်
တော့ ဖုန်းသံတို့ တုန်ခါမှူတို့ LED နဲ့ ပက်သက်တဲ့ မီးတို့ ကင်မရာတို့အလုပ်လုပ်မှာ မဟုတ်ပါဘူး၊

Audio IC
Audio IC ကို ဖုန်းရဲ့ Power Section မှာတွေ့နိုင်ပါတယ်၊ သူ့ကို Cobba IC လို့လဲခေါ်သလို Melody IC လို့လဲ
ခေါ်သေးပါတယ်၊ Audio IC ရဲ့ အလုပ်ကတော့ ဖုန်း Speaker နဲ့ Microphone တို့ကိုထိန်းချုပ်ခြင်းပါပဲ၊ Audio
IC အလုပ် မလုပ်ရင် Speaker နဲ့ Microphone တို့ အလုပ် လုပ်တော့မှာ မဟုတ်တော့ဘူး၊ ဖုန်းလဲ လုံး၀ ပျက်သွားမယ်။
ယခုဖော်ပြပါ ဆောင်းပါးအား ကျွန်တော်ရေးသားခြင်းမဟုတ်ဘဲ ဆိုင်မွန်စာကြည့်ဆိုဒ် မှကူးယူဖော်ပြပေး
ခြင်းဖြစ်ပါတယ်။
အလုပ်မအားလပ်သောကြောင့် ကျွန်တော်၏ ဘလော့ခ် အတွင်း post အသစ်များမတင်နိုင်သည်ကို
သည်းခံပေးကြပါရန် စာဖတ်သူပရိတ်သတ်များကို အထူးတောင်းပန်အပ်ပါတယ်။
                                                                                      
                                                                                      ထွန်းဝင်း (နည်းပညာ)
                                                                                    tunwin031@gmail.com



Post a Comment

Previous Post Next Post