Adobe Acrobatဆော့ဝဲလ်ကို Adobe Incက ထုတ်လုပ်ဖြန့်ချိထားပြီး ဒီဆော့ဝဲလ်က PDF ဖိုင်မတွေကို ဖတ်ရှုတာ၊ ဖန်တီးတာ၊ ပြင်ဆင်တာ၊ ပရင့်ထုတ်တာနဲ့ ဖိုင်တွေကို စီမံခန့်ခွဲတာတွေ လုပ်လို့ရပါတယ်။
ဒီဆော့ဝဲလ်မှာ တွင် Acrobat Reader (ယခင် Reader), Acrobat (ယခင် Exchange) နဲ့ Acrobat.com တို့ ပါဝင်ကြပါတယ်။
Acrobat Reader ကိုတော့ PCကွန်ပျူတာတွေနဲ့ မိုဘိုင်းပလက်ဖောင်းတွေအတွက်Freeware အနေနဲ့ ရရှိနိုင်ပါတယ်။ Acrobat Readerက PDF ဖိုင်တွေကို ဖတ်ရှုတာ၊ ပရင့်ထုတ်တာနဲ့၊ မှတ်ချက်ထည့်သွင်းတာတွေ လုပ်လို့ရပါတယ်။
Adobe Acrobat ရဲ့ အဓိကလုပ်ဆောင်ချက်တွေဟာ PDF စာရွက်စာတမ်းတွေ ဖန်တီးတာ၊ ကြည့်ရှုတာနဲ့ တည်းဖြတ်တာတွေဖြစ်ပါတယ်။
PDF ဖိုင်ရဲ့ သဘောသဘာဝက တစ်ကြိမ်ဖန်တီးပြီးရင် သူ့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ အလုပ်လုပ်ဆောင်ပုံကို အပြည့်အဝ ပြင်ဆင်တည်းဖြတ်ဖို့ ခက်ခဲသွားပါတယ်။ Adobe Acrobat ကစာပိုဒ်ပါ အကြောင်းအရာတွေနဲ့ ရုပ်ပုံတွေကို ပြင်ဆင်မှု လုပ်ဆောင်နိုင်ပေမယ့် စာရွက်စာတမ်းတစ်ခုလုံးရဲ့ စာမျက်နှာတွေကို ပြန်လည်နေရာချတာတော့လုပ်ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။
စာစီစာရိုက်လုပ်ငန်းသုံး PDF Editor ဆော့ဝဲလ်တစ်ခုဖြစ်တဲ့ Adobe Acrobat Proကို အောက်ကလင့်ခ်မှာ Download ရယူနိုင်ပါတယ်။